သာယာဝတီ ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (သုံးဆယ်ကျောင်း နှင့် အ.လ.က (သာယာဝတီ)ကျောင်းတို့တွင် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ဟောပြောပွဲတွင် သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျားမအခြေပြုအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခံရမှု၊ ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အကြမ်းဖက်မှုအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် သာယာဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အမျိုးသမီးများအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အကြောင်းအရာများကိုဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)