စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့အား သွားရောက်ကြည့်ရှုဖူးမြော်
Mar 20,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများသို့ အခါကြီးရက်ကြီးနေ့များနှင့် အားလပ်ရက်များတွင် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်ကြီးရှိ ရှေးဟောင်းရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် စေတီတော်ပြန်လည်ပြုပြင် မွန်းမံနေမှုများနှင့် သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန်အတွက် တာဝန်ရှိသူများအတူ လက်ယာရစ်တစ်ပတ် လိုက်လံကြည့်ရှုဖူးမြော်ခဲ့ကြသည်။