အာနန္ဒာဘုရားကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေး လေလံပွဲကျင်းပ
Jul 05,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ အာနန္ဒာဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီတော်၊ မုခ်ကပ်ဆင်းတုတော် (၂၀)နှင့် နတ်ရုပ်ကြီးများအား ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့် စပ်လျဉ်း၍ ရွှေဆိုင်းတင်ဒါဖွင့်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဦးစီးကော်မတီနှင့် ကော်မတီဝင်များ၊ လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဂေါပကအဖွဲ့များ၊ လုပ်ငန်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များဖြင့် ယနေ့ နံနက် (၉)နာရီက ဂေါပကအဖွဲ့ရုံးတွင် မျက်ပါးရွှေဆိုင်းတင်ဒါပွဲ ကျင်းပခဲ့ကြောင်း သိရသည်။