ရွှေတောင်မြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရွှေတောင် ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် (အထက) ရွှေတောင်ရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက ၂၀၂၅- ၂၀၂၆ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့သော ဗလာစာအုပ်နှင့်ခဲတံများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)