အုတ်တွင်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သဇင်”ငွေစုငွေချေး သမဝါယမအသင်း စုဆောင်းငွေအပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

အုတ်တွင်း ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ()ရက်နေ့တွင်ကျရောက်မည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဇင်ငွေစုငွေချေးသမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သဇင်ငွေစုငွေချေးသမဝါယမအသင်းမှ ဥက္ကဋ္ဌ ဒေါ်ထားထားအေးက အသင်းဆိုင်ရာကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ () ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဇင်ငွေစုငွေချေးသမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အုတ်တွင်းမြို့နယ်အနေဖြင့် သဇင်ငွေစုငွေချေးသမဝါယမအသင်းသည် ၂၀၀၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့အချိန်ထိ အသင်းသားစုစုပေါင်း (၁၄)ဦးဖြင့် မတည်ရင်းနှီးငွေကျပ် (၉၅)သိန်းကျော်ဖြင့် လည်ပတ်လျက်ရှိပြီး သဇင်ငွေစုငွေချေးသမဝါယမအသင်းသားများ၏ စုဆောင်းငွေအပေါ် ရရှိမည့်အတိုးနှင့် အစုပေါ်အမြတ်တို့ကို စနစ်တကျခွဲဝေပေးခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)