မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စိတ်ကူးစိတ်သန်းများကောင်းလာစေရန်၊ တီထွင်ဖန်တီးလိုစိတ်နှင့် စူးစမ်းလေ့လာလိုစိတ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံကဗျာရေးသားနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။