ညောင်တုန်း ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄)မြို့နယ် အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ညောင်တုန်းမြို့နယ်ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ (၄)မြို့နယ် အသက် (၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲပြုလုပ်ခြင်းရည်ရွယ်ချက်များနှင့် အားကစားသမားအနေဖြင့် စည်းကမ်း ရှိရှိ စနစ်တကျယှဉ်ပြိုင်ကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းမိုးလှိုင်က ညောင်တုန်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ထံသို့ အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို မအူပင်မြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် ပန်းတနော်မြို့နယ်အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်း မြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)