ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်သည်။

သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများ၊ ဒေသခံများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်ကစိုက်ပျိုးမည့် သစ်ပင်များအား အခမ်းအနားတက်ရောက်လာကြသူများအားပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်ကြသူများ အားလုံးစုပေါင်း၍ မဟော်ဂနီအပင်ရေ (၁၀၀)၊ မန်ဂျန်ရှား အပင်ရေ (၁၀၀)၊ စုစုပေါင်းအပင်ရေ (၂၀၀) အား တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)