ကျောက်ဖြူ ဇူလိုင် ၄
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧက ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးစားဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ပထမပတ်တွင် တောင်ရင်းကျေးရွာရှိ တောင်သူဦးခင်အောင်၏ လယ်တွင် ဆင်းသွယ်လတ် မိုးစပါးများ စတင်စိုက်ပျိုးသည်။
ထိုသို့ စတင်စိုက်ပျိုးရာတွင် ဆင်းသွယ်လတ်စပါးမျိုးအား ပျိုးသက်မှန်ဖြင့် တစ်ဧကကောက်ကွက် ပြည့်မီစွာ စိုက်ပျိုးလျက်ရှိပြီး တောင်သူနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)