သတင်းများ

ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း များဆင်းပွဲအခမ်းအနား ကျင်းပ
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဥ်မှုဖြင့် (၉.၆.၂၀၂၅) ရက်နေ့မှ (၄.၇.၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၄) မျိုး ဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ယမုံနာဦး ဟိုတယ်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှူးဦးစီးဌာန တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများ ၊ဟိုတယ်တာဝန်ခံများနှင့် မန်နေဂျာများ၊ သင်တန်းသား / သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်
Jul 04,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ ဘက်စုံ/ ကဏ္ဍစုံ/ နယ်ပယ်အသီးသီး၌ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
မြန်အောင်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြိုနယ်၌ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေးကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲထားရှိမှုများကို ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးသည်။
ဟင်္သာတမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများအတွက် ကျောင်းစာကြည့်တိုက် သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားပြုလုပ်
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်းများအတွက် ကျောင်းစာကြည့်တိုက် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမ‌ ဆောင်၌ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jul 04,2025
မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပင်းတယမြို့နယ်၌ ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကအခြေခံ၍ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးရောင်းချလျက်ရှိရာ မိုးဦးကျကာလစိုက်ပျိုးခဲ့သည့် ဂျင်းစိုက်ခင်းများယခုအခါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရဲမွန်၌ ကျင်းပပြုလုပ်ခဲ့သည်။