မိတ္ထီလာ ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာ အကြီးကိုကို(ကသာ)တို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မိတ္ထီလာမြို့ အ-ထ-က(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် ဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က အမှာစကားပြောကြားသည်။ ထို့နောက် အခမ်းအနားမှူးက စာရေးဆရာအကြီးကို ကို (ကသာ) ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားပြီး စာတတ်သူတိုင်း စာဖတ်ပါခေါင်းစဉ်ဖြင့် စာရေးဆရာအကြီးကိုကို (ကသာ) က လူငယ်ရေးရာများ ဟောပြောသည်။ တက်ရောက်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများက မေးခွန်းများမေးမြန်း ဆရာ စာရေးဆရာဖြေကြားပြီး မေးခွန်းမေးမြန်းသူများကို အမှတ်တရစာအုပ်လက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုပြုံးထံသို့ ကျောင်းစာကြည့်တိုက်အတွက် ၎င်းရေးသားထုတ်ဝေသော စာအုပ်များကို စာရေးဆရာ အကြီးကိုကို (ကသာ) ကပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ လူငယ်ရေးရာဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ