တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်

ကော့သောင်း  ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉  နာရီခန့်က ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူး ကြီးမြင့်ထွန်းနှင့် တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး ရဲမှုထမ်းဟောင်းများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကော့သောင်းခရိုင် ရဲမှုထမ်းဟောင်းအဖွဲ့၏ စည်းရုံရေးကော်မတီ ဖွဲ့စည်းထားရှိမှု၊ ရန်ပုံငွေပိုင်ဆိုင်မှုနှင့် မြေနေရာရရှိမှုအခြေအနေများ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား အခါ‌အားလျှော်စွာ စားသောက်ကုန်များပေးအပ်ချီးမြှင့်လျက်ရှိပါကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ အလုပ်အကိုင်ရရှိမှုအနေဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင် (၅) ဦးအား အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးနိုင်ခဲ့ကြောင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့်အတူ ထားဝယ်မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့မှလည်း ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း၊ ကော့သောင်းခရိုင် ရဲမှုထမ်းဟောင်းအဖွဲ့များအနေဖြင့် ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ ပိုမိုရရှိရေးဆောင်ရွက်ရန်နှင့် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် " အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး ရဲမှုထမ်းဟောင်းများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကော့သောင်းမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့အတွက် ရန်ပုံငွေကျပ်သိန်း (၇၀)ပေးအပ်၍ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ တနင်္သာရီတိုင်း ဒေသကြီး ရဲမှုထမ်းဟောင်းများအဖွဲ့စည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ရဲမှူးကြီး မြင့်ထွန်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ အားလည်းကောင်း၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)