ရွှေတောင်မြို့နယ်တွင် တော်ဝင်နဂါးကုမ္ပဏီလီမီတက် အထူးကုနယ်လှည့်အဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ရွှေတောင် ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ(၂၅ - ၆ - ၂၀၂၅) ရက်နေ့မှ( ၂၁ - ၆ - ၂၀၂၅) ရက်နေ့ထိရွှေတောင်အမှတ် (၁) ချည်မျှင်နှင့် အထည်စက်ရုံ၊ သဘာဝဓာတ်ငွေ့စက်ရုံ၊ ပြည်တောင်တန်းရေနံမြေနှင့် မြို့ပေါ်ရပ်ကွက်များရှိ အာမခံအလုပ်သမားများကို ရွှေမျက်မှန်ဘုရားဓမ္မာရုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အနေဖြင့် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၁၉၃၉) ဦးရှိပြီး မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၅၈၀) ဦးတို့အား မြို့နယ်လူမှုဖူလုံရေးစီဦးဌာနနှင့် သက်ဆိုင်ရာ ဆရာဝန်များက ဓါတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးရာ နာမည်စာရင်းရေးသွင်းပြီး B.P/Height/ Weigh ချိန်ခြင်း၊ Computer စာရင်းသွင်းခြင်း၊ ဆရာဝန်ပြသခြင်း၊ ဆေးဝါးများထုတ်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းနှင့် E.C.G ဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)