ကြံခင်းမြို့၌ အခွန်ပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အခွန်ဦးစီးဌာနရုံးခန်းမ၌ အခွန်ပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အခွန် ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အခွန်းထမ်းပြည်သူများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ နိုင်ငံကြီးသားပီသစွာဖြင့် အခွန်အပြည့်အဝပေးဆောင်ကြရန်၊ ထိုက်သင့်သောအခွန်များပေးချေနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြရန်ပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လင်းက အခွန်ဆိုင်ရာ တည်ဆဲဥပဒေများ၊ အခွန်အမျိုးအစားနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ များ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူ များ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် တည်ဆဲအခွန်များ ဥပဒေအရလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကိုရှင်း လင်း‌ဆွေးနွေးခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည် များအား မေးမြန်းခဲ့ကြရာ ဦးစီးအရာရှိ ဦးအောင်လင်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။

ဖြိုးဝေလင်း