ပေါင်းတည်၌ ဆစ်ဂနယ် (Signal) သွားတိုက်ဆေးအတု ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပေါင်းတည် ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့်ဝန်ထမ်းများဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီက ပေါင်းတည်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဆစ်ဂနယ် (Signal) သွားတိုက်ဆေးအတု ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့​ကြသည်။

ထိုသို့စျေးကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်များရှိ မူရင်းသွားတိုက်ဆေးကုန်ပစ္စည်းအစစ်နှင့် အတုအပကုန်ပစ္စည်း၏ ကွာခြားချက်အသေးစိတ်အချက်များအား တိုက်ဆိုင်စစ်ဆေးခြင်း၊ အဆိုပါ သွားတိုက်ဆေးအတုရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်  သွားတိုက်ဆေးအတုအား စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်သည့်  ပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေသား (IPRD)