Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ကျင်းပ
Mar 26,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မိုးလုံလေလုံအားကစားခန်းမနှင့် ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေး နွေနှမ်း ၈၉၇ ဧက စိုက်ပျိုးပြီးစီး
Mar 26,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၉၄၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ ၈၉၇ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဆင်းပွဲကျင်းပ
Mar 26,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ် အကယ်ကြီးကြို့ကုန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Mar 26,2025
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် (၁၀၈.၄၃၂)သန်းဖြင့် (Royal New Way Co.,Ltd)မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် အကယ်ကြီးကြို့ကုန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အဆိုပါကုန်ထုတ်လမ်းထိပ်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ Sim card အရောင်းဆိုင်များ၌ ဆင်းကတ်များ မှတ်ပုံတင်ရောင်းချခြင်း ရှိ/ မရှိ နှင့် တရားမဝင်ဆင်းကတ်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 26,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် တရားမဝင်ဆင်းကတ်များ ရောင်းချမှုစစ်ဆေးရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ဖုန်းအရောင်းဆိုင်များနှင့် ဆင်းကတ်အရောင်းဆိုင်များ၌ ဆင်းကတ်များ မှတ်ပုံတင်ရောင်းချခြင်း ရှိ / မရှိနှင့် တရားမဝင်ဆင်းကတ်များ ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မြန်မာ့သနပ်ခါးအကြောင်းဟောပြောပွဲနှင့် သနပ်ခါးလိမ်းချယ်ပွဲကျင်းပ
Mar 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထင်ရှားလာစေရန်နှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို မြန်မာအမျိုးသမီးများ တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးအကြောင်းသိကောင်းစရာ ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် ရွှေကျင်မူလတန်းကြိုကျောင်းပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲကျင်းပ
Mar 26,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြို့နယ်စည်ပင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်ရဲမူကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ
Mar 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ (အ.ထ.က) တေဇခန်းမ၌ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
957
Page
958
Page
959
Page
960
Current page
961
Page
962
Page
963
Page
964
Page
965
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department