သတင်းများ

ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အသိပညာပေး ဖြန့်ဝေ
Jun 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများ၌ အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။
အခြေခံပညာကျောင်းများ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်
Jun 27,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ (အခမဲ့) နယ်လှည့်ကွင်းဆင်းဆေးကုသ
Jun 27,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ခုနစ်ဦးတို့က အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက် ၈နာရီကစတင် ဆောင်ရွက်သည်။
ထားဝယ်မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jun 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း
Jun 27,2025
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးအတွင်းရှိ သွေးလှူဘဏ်တွင် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယက သီရိပျံချီ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ၏ သက်တော် (၅၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဇွန် ၂၆ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။
နောင်တရားမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Jun 27,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပြောပွဲကို ယမန့်နေ့တွင် ပြုလုပ်ခဲ့သည်။
အောင်လံမြို့၌ လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 27,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကလောမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး  (PFIZER JN1) စတင်ထိုးနှံပေးလျက်ရှိ
Jun 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER JN1) ကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာနတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများအား စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။