သတင်းများ

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အတွင်းရှိ တပ်မတော်ဆေးရုံများသို့ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
Mar 27,2025
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အတွင်းရှိတပ်မတော်ဆေးရုံများသို့ အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ နယ်မြေခံခုတင်(၁၀၀)တပ်မတော်စစ်ဆေးရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်စစ်ဆေးရုံမှ အရာရှိစစ်သည်များ တက်ရောက်ကြကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ပြည်သူများသို့ အခမဲ့ဖြန့်ဝေ
Mar 27,2025
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဝါးခယ်မမြို့နယ် လူစည်ကားရာနေရာများ၌ ယမန်နေ့နံနက်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းသား၊ သင်တန်းသူများအတွက် လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်းဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 27,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာရှင်၊ အတက်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးကုသိပ္ပံ (၁)နှစ် ဒီပလိုမှာသင်တန်းမှ သင်တန်းသား သင်တန်းသူများ လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေး
Mar 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အသက်နှစ်ဆယ်အရွယ်များသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကျောင်းနေရွယ်အချိန်တွင် ပြင်ပ လုပ်ငန်းခွင်များ၌ ခိုင်းစေမှုလျော့နည်းပပျောက်စေရေးစသည်တို့ကို ရည်ရွယ်ကာ ကလေးအလုပ် သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးချုပ်ဖလားအမျိုးသား(၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပဖွင့်လှစ်
Mar 27,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ ယမန်နေ့ နံနက် ၉ နာရီက ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာ ယာအားကစားရပ်ဝန်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်၊ ပြန်ဆက်ဦးစီးဌာနတွင်နွေရာသီကျောင်းပိတ်ရက် ကလေးသူငယ်များအတွက် ဗဟုသုတများရရှိစေရန် အင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းဖွင့်လှစ်
Mar 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကလေးသူငယ်များအတွက် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကလေးသူငယ်များအတွက် ‌အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီ ရေးဆွဲနည်း သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 27,2025
မွန်ပြည်နယ်၊‌ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများသည် နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ပေါင်မြို့နယ်မင်္ဂလာဈေးအတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။