သတင်းများ

ကရင်ပြည်နယ် တောင်ကလေး အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့၏ ရုံးအဆောက်အဦနှင့် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Apr 20,2025
ကရင်ပြည်နယ်၊ တောင်ကလေး၊ အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့၏ ရုံးအဆောက်အဦနှင့် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားဖွင့်ပွဲကို ဘားအံမြို့၊ ရတနာသုခအိမ်ရာဗိုလ်ချုပ်လမ်း၊ အမှတ်(၅)ရပ်ကွက် တွင် ယနေ့နံနက် ၉ နာရီက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရပ်ကွက်နေ ရပ်မိရပ်ဖများ၊ လူငယ်များ၊ တောင်ကလေးအဲးခိုးစာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
ဘိုကလေးမြို့နယ်တွင် (၄၅) ဝါနှင့်အထက် ဆရာတော်ကြီးများအား စတုတ္ထအကြိမ်မြောက် ပူဇော်ပွဲကျင်းပ
Apr 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ (၄၅) ဝါနှင့်အထက် ဆရာတော်ကြီးများအား (စတုတ္ထအကြိမ်) ပူဇော်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်၌ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ကျင်းပဆောင်ရွက်သည်။
ကျုံပျော်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးဆောင်ရွက်
Apr 20,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ကျုံပျော်မြို့ပေါ်ရပ်ကွက်များ၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီကာရံခြင်းနှင့် ရေထိန်းတမံလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် မြစ်ကြီးနားကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတို့၌ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Apr 20,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေးအတွက် ကျောက်စီရေထိန်းနံရံများ၊ ရေထိန်းတံခါးများနှင့် ရေလျှံတားနံရံများကို မြစ်ကမ်းပါးတစ်လျှောက်  ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နေပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများနှင့်အတူ ကမ်းနားလမ်းတစ်လျှောက် လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်
Apr 20,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တိလောကာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးမှူး၍ အ.ထ.က ခမောက်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ် (၁) နာရီခန့်က သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ မန္တလေးမြေငလျင်ကြီးသင့်ခံခဲ့ရသည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Apr 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးသင့်ခံခဲ့ရသောဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့၊ မြို့မစျေးကြီးအတွင်း ခရမ်းချဉ်သီးစျေးများ တစ်ပိဿာတစ်ထောင်ကျပ်စျေးဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံး
Apr 20,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် တွင်စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျှက်ရှိပြီး ရောင်းချချိန်ခရမ်းချဉ်သီးစျေးများ တစ်ပိဿာတစ်ထောင်ကျပ်စျေးဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံးကြကြောင်း ခရမ်းချဥ်သီးရောင်းချသူများထံက သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဉ္စမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်
Apr 20,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၆)ရက် ဧပြီလ(၁၉)ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ပဉ္စမအကြိမ် မြောက်မြန်မာနှစ်သစ်ကူးတရားအလှူတော် တတိယညဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်သည်။