သတင်းများ

ကွမ်းခြံကုန်းမြို့နယ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ
Apr 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်မင်းပိုင်းရပ်ကွက်၊ မင်းတံတားလမ်းရှိသုံးခွ‌ချောင်းနှင့် တော်ပုလွဲချောင်းဆုံး၌  ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Apr 18,2025
၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက် နှစ်သစ်မင်္ဂလာအချိန်အခါတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယနေ့ ညနေ (၄) နာရီက ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ် လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၌ (၂၄) ကြိမ်မြောက် မျက်နှာသစ်တော်ရေကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Apr 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၌ (၂၄) ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဘုရားရှိ ဂန္ဓကုဋိတိုက်တွင် ကျင်းပသည်။
မြောင်းမြမြို့နယ်လုံးဆိုင်ရာ (၈၈) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလှူဒါန်းပွဲကျင်းပ
Apr 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၈၈) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလှူဒါန်းပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး
Apr 18,2025
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် ယမန်နေ့ (၆) နာရီ၊ (၁၅) မိနစ်အချိန်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၆) လုံးပြိုကျပျက်စီးခဲ့ရသည်။
ချောက်မြို့နယ်တွင် နှစ်ဆန်း(၁)ရက်​နေ့၌ သက်ကြီးဘိုးဘွားပူ​ဇော်ကန်တော့ခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ဖြင့် ကုသိုလ်ယူလျက်ရှိ
Apr 18,2025
မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်ခရိုင်စုပေါင်းရုံး၌ မြန်မာ့နှစ်သစ်ကူးနှစ် ၁၃၈၇ ခုနှစ် သစ်ကူးနှစ်ဆန်း(၁)ရက်နေ့တွင် ယမန်​နေ့နံနက် (၉) နာရီ အချိန်ကချောက်မြို့နယ်တွင် သက်ကြီးဘိုးဘွားပူ​ဇော်ကန်တော့ခြင်းနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူး တရားအလှူတော် ပထမညဓမ္မသဘင် ကျင်းပပြုလုပ်
Apr 18,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ကို မြန်မာနှစ်ဆန်း(၁)ရက်၊ ယမန်နေ့ ယမန်နေ့ည(၇)နာရီအချိန်တွင် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ တရားနာပရိတ်သတ်များ နာယူကြည်ညိုကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်သစ်ဦး တရားအလှူတော် ဓမ္မသဘင်မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပ
Apr 18,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်သစ်ကူးနှစ်ဦး တရားအလှူတော် ဓမ္မသဘင်အခမ်းအနားကို ၁၃၈၇ ခု၊ မြန်မာနှစ်ဆန်း ၁ ရက်၊ ယမန်နေ့ညပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဌာဘိဝံသက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားရေအေးအမြိုက်ဆေးတိုက်ကျွေးဟောကြားခဲ့သည်။