သတင်းများ

ငါန်းဇွန်မြို့၌ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစိစစ်
Apr 24,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့နံနက် ၈နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ဘိလပ်မြေရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌  စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Apr 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ပုညသဟာယနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းတွင် သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူ
Apr 24,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့နံနက် (၅) နာရီအချိန်က မြင်းခြံ ပုညသဟာယနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းတွင် လောင်းလှူခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန် ပစ္စည်းများပြည်သူ့သက်သာဈေး‌ ရောင်းချ‌
Apr 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ် ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှစားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ယမန်နေ့ နံနက်(၇)နာရီအချိန်ကရောင်းချပေးခဲ့ကြောင်း သိရသည်။
မီးဘေးနှင့်သဘာ၀ဘေး  ငလျင်အကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်
Apr 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက မီးဘေးနှင့်သဘာ၀ဘေး"ငလျင်အန္တရာယ်"အကြောင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။ ဟောပြောပွဲသို့ အခြေခံပညာမူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦး တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့သည် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် လူနေအိမ်တိုက်တာများ ပျက်စီးနေမှုများ ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှု
Apr 24,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်သင့် နန်းဦးမြို့သစ် ငလျင်ဒဏ်ကူညီရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့်အတူ ငလျင်ဒဏ်သင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ငလျင်ကူညီရေးစခန်းအတွင်း ရွက်ဖျင်တဲများတည်ဆောက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး ငလျင်ဒဏ်သင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြသည်။
ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်
Apr 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ(၂)ရက်နေ့ကအချိန်က စတင်ဖွင့်လှစ်လျက်ရှိရာ Community Centre ခန်းမတွင် (၁၀)ရက်မြောက်အဖြစ် သင်ကြားလျက်ရှိသည်။
မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 24,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။