ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Jun 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်တွင် (၄/မြောက်)ရပ်ကွက်၊ ဒါနသုခဓမ္မာရုံံအတွင်း၌ သာကေတမြိုနယ်အတွင်းရှိ(၄/တောင်)ရပ်ကွက်၊ (၄/မြောက်)ရပ်ကွက်နှင့် (၅)ရပ်ကွက်များမှ အသက်(၁၆)နှစ်မှ (၁၈)နှစ်ကြား ပြည်သူ(၁၁)ဦးနှင့် အသက်(၁၈)နှစ်အထက် ပြည်သူ(၁၇)ဦး အ.ထ.စ(၆)စု၊ ပြည်သူ(၁၅)ဦး၊ စုစုပေါင်းပြည်သူ(၄၃)ဦးတို့အား ပန်းခင်းစီမံချက်အဆင့်(၃)၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ အဖွဲ့ဝင်(၃)မြို့နယ်လဝကဦးစီးမှူး ဦးစံသိန်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး Biometric Data ပြုလုပ်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။