လယ်ဝေးမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး
Jul 17,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှ အခွန်ဝန်ထမ်းပြည်သူများအား ပြေစာအမှတ်တံဆိပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။