သတင်းများ

ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jun 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Jun 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမားတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယ‌နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဇွန်လ ၁၂ ရက်နေ့က ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ချယ်ရီမြေလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ထီပြွန်နှင့် နောင်ယာဆိုင်းအခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်
Jun 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ရေမြက်ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ပျော်ဘွယ်မြို့၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် စာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်ကာကွယ်နိုင်ရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Jun 12,2025
ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် စာဖြေဌာနတစ်ခုတွင် အပါအဝင်ဖြစ်သည့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) ၌ ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်မှကာကွယ်နိုင်ရန် စုပေါင်းသန့်ရေးပြုလုပ်ခြင်းကို ဇွန်လ (၁၂) ရက်နေ့ နံနက် (၇) နာရီက အဆိုပါကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Jun 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။      
ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများ၊  မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများသို့သွားရောက်၍ ယနေ့နံနက် ၈ နာရီက ဖြန့်ဝေသည်။