ခိုလမ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ခိုလမ် ဇွန် ၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့တွင် မဲဆန္ဒနယ်အမှတ် (၂)၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ခိုလမ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ခိုလမ်မြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးက မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်က မိတ်ဆက်စကားပြောကြားပြီး မြို့အဆင့် ဌာနဆိုင်ရာအကြီအကဲများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတူတကွ ပေါင်းစပ်ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည် မြို့အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများ တင်ပြခဲ့ကြပြီး၊ မြို့မိမြိုဖနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည်၊ ပညာရေး၊ ကျန်းမာရေး၊ ရေနှင့် မီးရရှိ‌စေရေးအတွက် လိုအပ်ချက်များအား အသီးသီး‌ဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ခိုလမ်၊ပြန်/ဆက်)