သတင်းများ

တာချီလိတ်မြို့၌ ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသမီး(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ
Jun 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသမီး(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ဒက္ခိဏသီရိမြိုနယ်၌ မိုးစပါး ၇၂၆၁ ဧက စိုက်ပျိုးရန်လျာထားပြီး ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်သွားမည်
Jun 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၇၂၆၁ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားပြီး စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ အရည်အသွေးကောင်းများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူစည်ကားရာနေရာဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဌောမဟာစေတီတော်မြတ်ကြီးတွင် နယုန်လပြည့် မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
Jun 11,2025
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဌောမဟာစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာ တော်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ
Jun 11,2025
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂအခမ်းနားအဖြစ် စေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်းနှင့် လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နယုန်လပြည့် (မဟာသမယအခါတော်နေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်ပြည်နယ်လူငယ်စင်တာ (Youth Center) တက်ရောက်ဖွင့်လှစ်
Jun 11,2025
လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်၊ အားကစား၊ အနုပညာလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၂၀၈၃ ဒဿမ ၂၂၈ သန်းဖြင့် တည်ဆောက်ခဲ့သော (၁၄၀ ပေ x ၈၀ ပေ) RC သုံးထပ် လူငယ်စင်တာဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ အဆိုပါစင်တာရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီးတွင် ဝါပကာလ(နယုန်လပြည့်နေ့) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာ‌လေးများအား ဝါပကာလတွင် ဆွမ်းဆန်များ အဆင်ပြေစေရေးအတွက် (နယုန်လပြည့်နေ့) ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့သမိုင်းဝင် ရွှေဆံတော်စေတီမြတ်ကြီးတွင် (ဝါပကာလ)၏ နောက်ဆုံးလအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျန်းမာရေးအသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်
Jun 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ကြီးမှူးဖွင့်လှစ်သည့် ကျန်းမာရေးအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။