ထားဝယ် ဇွန် ၆
သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၆ခုနှစ် ဇွန် ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပမည့် အစိုးရနိကာယ်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ထားဝယ်စာဖြေဌာနသို့ လာရောက်ကြည်ညိုစဉ် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများထံ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး စာဖြေသံဃာတော်များအား ဖူးမြှော်ကြည်ညိုသည်။
အဆိုပါ ထားဝယ်စာဖြေဌာနတွင် ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)