သတင်းများ

ကြံခင်းမြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Jun 11,2025
၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင် ကျောင်းတိုက်ရှိ ပညာဆီးမီးဓမ္မရုံတော်တွင် ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့ရာ မြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ‌ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ ကြွရောက်ချီးမြှင့်ကြကြောင်း သိရသည်။
မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jun 11,2025
မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အင်္ဂပူမြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ မြို့မစျေးရှေ့တွင် ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို ယနေ့နံနက်ပိုင်းက မြို့မစျေးရှေ့တွင် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ငပုတောမြို့နယ်ကုန်မျိုးစုံအရောင်းဆိုင်များတွင်ထိုင်းဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသည့် Sprite အမှတ်တံဆိပ်ပါ အချိုရည်ဘူးများရောင်းချမှု ရှိ/မရှိ စစ်ဆေး
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြို့မဈေးအတွင်းရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသည့် Sprite အမှတ်တံဆိပ်ပါ အချိုရည်ဘူးများရောင်းချမှု ရှိ/မရှိ စစ်ဆေးကို ယနေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ အကြီးတန်းစာရေး ဒေါ်ဇင်မေထက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်တာဝန်ရှိသူများက စစ်ဆေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆) ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 11,2025
တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင်ပြေးခုန်ပစ်သမားများ ပေါ်ထွက်လာစေရေး ရည်မှန်းချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆) ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ် (၅) ရပ်ကွက်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jun 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရာ တစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်မြို့ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သင်တန်းကျောင်းများ၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Jun 11,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆန်/ဆီ လုပ်ငန်းရှင်များ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုး/ ထုတ်လုပ်ရောင်းချသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ရှိ ပြည်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပြည်)တို့၌ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်မျိုးစုံကို ဈေးနှုန်းသက်သာစွာ သွားရောက်ရောင်းချပေးကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒုတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာဒါန ဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်
Jun 11,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်အတွင်းရှိ အနန္တသုခ(ရွှေတိဂုံပုံတူ) ဓာတုစေတီတော်၌ ယမန်နေ့နံနက် ၇ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။