မုံရွာမြို့၌ အမျိုးသမီးများ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 11,2025
စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ “အမျိုးသမီးများ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါ၊ ရင်သားကင်ဆာ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါများ ကာကွယ်တားဆီးနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများနှင့် GENDER, CEDAW, NSPAW အကြောင်း သိကောင်းစရာများ”ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂ )၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။