သတင်းများ

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့များနှင့် မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြေပွဲကျင်းပ
Jul 03,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍  မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့များနှင့်   မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို  ဇူလိုင်(၁)ရက်နေ့ နံနက် ၁၀ နာရီကအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ Modular House နှင့် ယာယီအဆောက်အဦများဖြင့် နေထိုင်လုပ်ကိုင်နေမှုများအား လိုက်လံကြည့်ရှု  
Jul 03,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဇူလိူင်လ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီး စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအား ယာယီ Modular House များ ဖြင့်နေထိုင်နေမှုများ သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကြပြီး  လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဟာစည်းခုံကြီး သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ပေါက်ခေါင်းမြို့နယ်၊ ဓမ္မသော်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့နံနက်ပိုင်းက အ.ထ.က(ဓမ္မသော်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျုံပျော်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းပြုလုပ်
Jul 03,2025
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် ကြဲခင်းစနစ် လျော့နည်းပပျောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကောက်စိုက်စက်(Kubota)ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ကျုံပျော်မြို့ ပျဉ်ချဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၉၉၉ ရှိ တောင်သူဦးကြည်ဝင်း၏ လယ်မြေ ၁၀ ဧက၌ ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်သည်။
သနပ်ပင်မြို့နယ်တွင် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Jul 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ဇူလိုင် ၁ ရက်နေ့နံနက် (၁၀) နာရီက သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။
ငါးသိုင်းချောင်းမြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Jul 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံအိမ်ထောင်စုများအား ဆန်၊ ဆီနှင့် ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဇူလိုင်လ ၁ ရက်နေ့နံနက် ၈ နာရီတွင် မြို့မစျေး၌ ရောင်းချပေးခဲ့သည်။
သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေသယံဇာတ/ငါးသယံဇာတထိန်းသိမ်းရေး  အသိပညာပေး ဟော‌ပြောပွဲ ကျင်းပ
Jul 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေသယံဇာတ/ ငါးသယံဇာတထိန်းသိမ်းရေး  အသိပညာပေးဟောပြောပွဲကို ဇွန်လ ၃၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က ရှမ္မမြောင် ကျေးရွာအုပ်စု၊ဂွေးကုန်း ကျေးရွာ၊ အောင်မင်္ဂလာကျောင်းတိုက်၊ နိဂြောဓဓမ္မာရုံ၌ ကျင်းပခဲ့သည်။
လဲချားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆွေးနွေးဆောင်ရွက်
Jul 03,2025
လဲချားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆွေးနွေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။