လဲချား ဇူလိုင် ၃
လဲချားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆွေးနွေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က ပြည်သူ့စစ်မှုထမ်းဆိုင်ရာနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆွေးနွေးအမှာစကားပြောကြားခဲ့ပြီး ဥပဒေအရာရှိမှ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွန်းဦးနှင့် ဗိုလ်မှူးသန်းကျော်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ၁၅ အတွက် လဲချားမြို့နယ် ရပ်ကွက် (၁၊ ၂၊ ၃ )ရှိ ရပ်မိ၊ ရပ်ဖနှင့် ပြည်သူများ၏သဘောတူညီချက်ဖြင့် ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)