သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း Tax Rate တိုးမြှင့်ခြင်းမရှိဘဲ Tax Area ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရထိုက်သည့် အခွန်အကောက်များရရှိစေရေး၊ Tax to GDP တိုးတက်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း Tax Rate တိုးမြှင့်ခြင်းမရှိဘဲ Tax Area ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရထိုက်သည့် အခွန်အကောက်များ ဥပဒေနှင့်အညီရရှိစေရေး၊ Tax to GDP တိုးတက်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ(၃)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေး ဒေသခံပြည်သူများ ဝိုင်းဝန်းပါဝင်ဆောင်ရွက်
Jul 03,2025
အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ကိန်းဝပ်စံပါယ်တော်မူရာ ရတနာစံကျောင်းတော်၊ ကရဝိတ်ဖောင်တော်၊ ဖောင်တော်အဆောင်နှင့် စံကျောင်းတော်ရင်ပြင်တော်တို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါထိခိုက်ပျက်စီးမှုများအား အမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျွမ်းကျင်ပညာရှင်ကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အနယ်အနယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိကြသည်။
မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ  ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jul 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 03,2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်  ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကျင်းပပြုလုပ်
Jul 02,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဇွန်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၇.၂၆)သိန်း တိုးတက်ဝင်ရောက်ခဲ့
Jul 02,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ ၃၀ ရက်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ကျင်းပပြုလုပ်ခဲ့သည်။
ခမောက်ကြီးမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 02,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သန့်ရှင်းရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 02,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သန့်ရှင်းရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်နှင့် နေအိမ်အဆောက်အဦးများ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။