တပ်ကုန်းမြို့၌ ဒေသဆိတ်များ ခြံလှောင်စနစ်ဖြင့် စတင်မွေးမြူ
Jul 03,2025
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် ဆိတ်မွေးမြူရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးရွာများအတွင်း အရင်းမပျောက်မတည်လည်ပတ်နိုင်စေရန်၊ ကျေးလက်ဒေသများအတွင်း အသားကဏ္ဍဖူလုံစေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီ၏အစီအစဉ်ဖြင့် ဒေသဆိတ်များ ခြံလှောင်စနစ် စတင်မွေးမြူထားရှိကြောင်း သိရသည်။