ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

ငပုတော ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်တွင် (၇၇)နှစ်မြောက် ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  ကဗျာ၊ ပန်းချီ၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့ တို့မမေ့”ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး၊ “ကျွန်ုပ်တို့၏ အာဇာနည်များ” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်  ကျောင်းသား၊ ကျောင်းသူ (၁၄)ဦး၊ “မမေ့အပ်သေအာဇာနည်”ခေါင်းစဉ်ဖြင့် ‌အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦး၊ ကဗျာပြိုင်ပွဲတွင် ‘လေးမြတ်ဂုဏ်ရည် အာဇာနည်”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် “၉ပွင့်ဇာနည်မော်ကွန်းတည်”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)