ဝမ်းတွင်း ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲကို ယနေ့နံနက်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးစပ် သီကုံးပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်း ကျောင်း(ဝမ်းတွင်း)ကျောင်းအုပ်ဆရာမကြီးက ပြိုင်ပွဲဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ အာဇာနည်ဆိုသည်မှာ၊ ကိုးဦးအာဇာနည်၊ အာဇာနည်နေ့ ဒို့မမေ့၊ အာဇာနည်မြတ် မမေ့အပ်၊ အာဇာနည်စသည့် ခေါင်းစဥ်များဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲကို ဦးစီးအရာရှိဒေါ်မူမြစော၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသော ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို လေ့လာကြည့်ရှုခဲ့ကြသည်။
ကိုရဲ (ဝမ်းတွင်း)