စလင်း ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက် မြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၃၄) ကျောင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းမှစပြီး ထပ်မံယာယီပိတ်ထားကြောင်း သိရသည်။
အဆိုပါ ပိတ်ထားသည့် ကျောင်းများမှာ၊ အ.ထ.က ခွဲငါးဇင်ရိုင်းကုန်း၊ အ.ထ.က ခွဲသပြေရိုး၊ အ.လ.က ဇီးကုန်းကျွန်း၊ အ.လ.က ပျိုးခင်းကုန်း၊ မူလွန်မြောက်အင်းတဲ၊ မူလွန်ရေနား၊ မူလွန်ရွာတန်းရှည်၊ မူလွန်ခြောက်ပင်ကွန်း၊ မူလွန်ကြူတော၊ မူလွန်အရှေ့ကန်ဘောင်၊ အ.မ.က တောင်မှရိုးကုန်း၊ အ.မ.က စစ်ကုန်း၊ အ.မ.က စမ်းတွင်း၊ အ.မ.က တောကြီး၊ အ.မ.က ညောင်ငုတ်တို၊ အ.မ.က အရှေ့သစ်ကိုက်၊ အ.မ.က အနောက်သစ်ကိုက်၊ အ.မ.က မြကျွန်းသာ၊ အ.မ.က နုံးအင်းကုန်း၊ အ.မ.က မြောက်ဇီးကုန်း၊ အ.မ.က ပေါက်လေးပင်၊ အ.မ.က ဆင်ပွတ်၊ အ.မ.က ညောင်ကုန်းအမကရှားတော၊ အ.မ.က ဆိပ်ကြီးအပါအဝင် ကျောင်းပေါင်း (၃၄) ကျောင်းတို့ ယာယီပိတ်ထားခဲ့ရာ၊ ယင်းစာသင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ စာသင်ချိန် သင်ခန်းစာများ နောက်မကျစေရန် ကျောင်းပြန်ဖွင့်ချိန်များတွင် စာသင်ရက်များတိုး၍ စနစ်တကျပြန်လည် သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း