ငါးသိုင်းချောင်း ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခဲ့ရာ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားဖြစ်ရတဲ့ အကြောင်းအရင်းများ၊ ဘေးအန္တရာယ်ရှိသော ကလေးလုပ်သားများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် သက်မှတ်ထားသည့် အလုပ်လုပ်ချိန်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သင့်သည်များကို အကျယ်တဝင့် ဟောပြောခဲ့ပြီးအားလပ်ချိန်တွင် ကျောင်းစာသာမက ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရေးတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)