နေပြည်တော်၌ ပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့်  ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာ တက္ကသိုလ်များ၌ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် တော်ဝင်မော်တော်ယာဉ်လိုင်း (၄)လိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ သွားလာရေးလွယ်ကူစေရေး၊ ဘုရားဖူးပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာတက္ကသိုလ်များ၌ ပညာသင်ကြားရာတွင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် EV Bus များဖြင့် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါယာဉ်များ မရောက်ရှိသေးချိန်ကာလအတွင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်၊ တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ  Yutong CB ယာဉ် (၆)စီးဖြင့် မြို့တွင်းလိုင်း (၄)လိုင်းကို ဇူလိုင် ၃ ရက်နေ့မှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ  မြို့တွင်းလိုင်း (၄)လိုင်းဖြင့် လမ်းကြောင်း (၁) (ဇမ္ဗူသီရိလမ်းကြောင်း)အနေဖြင့် ဘောဂသီရိ-နှင်းဆီးပန်းအဝိုင်း-ရွှေညောင်ပင်-နေပြည်တော်ကောင်စီ- စည်ပင်ဧည့်ရိပ်သာ- သပြေကုန်း- ပရဆေးဥယျာဉ်- ဓါတုဇယဘုရား- နည်းပညာတက္ကသိုလ်- မာရဝိဇယဘုရား-ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း- ဝဏ္ဏသိဒ္ဓိရပ်ကွက်- သုခတော်ဝင်- မြို့မဈေးတို့ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ်၊ လမ်းကြောင်း(၂) (လယ်ဝေးလမ်းကြောင်း)အနေဖြင့် လယ်ဝေးမြို့မဈေး- လယ်ဝေးအားကစားကွင်း-ရွှေအင်ကြင်းရပ်ကွက်- ဒက္ခိဏသီရိဈေး -ကံ့ကော်ပန်းအဝိုင်း- Excel Capital- တုံဂပူရိလမ်းဆုံ- Junction Center- အဆင့်မြင့်ဈေး-နည်းပညာတက္ကသိုလ်-မာရဝိဇယဘုရား- ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၁၅၀၀ ကျပ်၊ လမ်းကြောင်း(၃) (ပုဗ္ဗသီရိ ရန်ကုန်-မန္တလေး လမ်းဟောင်းလမ်းကြောင်း)အနေဖြင့် သိုက်ချောင်းလမ်းဆုံ-တိရိစ္ဆာန်ဥယျာဉ်-ရေဆင်းကျေးရွာ-ပင်လောင်းလမ်းဆုံ-လျှပ်စစ်လမ်းခွဲ-ကျောက်ချက်- နှင်းဆီပန်းအဝိုင်း-ရွှေညောင်ပင်-နေပြည်တော်ကောင်စီ- ဇမ္ဗူသီရိဆေးရုံ- စည်ပင်ဧည့်ရိပ်သာ-သပြေကုန်း-ပရဆေးဥယျာဉ်-မြို့မဈေး-သုခတော်ဝင်- ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း- ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား- နည်းပညာတက္ကသိုလ် ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ်၊ လမ်းကြောင်း (၄) (ပုဗ္ဗသီရိလမ်းကြောင်း)အနေဖြင့် သိုက်ချောင်းလမ်းဆုံ- ကုတင်(၃၀၀)ဆေးရုံ- ကျည်တောင်ကန်လမ်းဆုံ- နေပြည်တော်ဘူတာကြီး- Polytechnic University - အင်ကြင်းပန်းအဝိုင်း- မန္တလေးလမ်း- ကုမုဒြာကြာပန်းအဝိုင်း- စည်ပင်အိမ်ရာ-သပြေကုန်း- ပရဆေးဥယျာဉ်- မြို့မဈေး- သုခတော်ဝင်ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း- ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား-နည်းပညာတက္ကသိုလ် ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ်နှုန်းတို့ဖြင့် ပြေးဆွဲပေးနေလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)