တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်ပြသဆောင်ရွက်

တံတား ဇူလိုင် ၁၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွက်လပ်ရေးကြိုးပမ်းမှုအကြောင်း၊  အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိအကျဥ်းများအကြောင်း၊ အာဇာနည်နေ့အဓိဋ္ဌာန်များ၊ အာဇာနည်နေ့ကဗျာများ၊ အာဇာနည်နေ့အခမ်းအနားကျင်းပပုံများ၊ အာဇာနည်ခေါင်းဆောင်(၉)ဦး၏ မှတ်တမ်းဓာက်ပုံများစသည့် အကြောင်းအရာများပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့သည်။

ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အဆိုပါ နံရံကပ်စာစောင်ပြသရခြင်းမှာ ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြက်ဖြစ်သည့် အထိမ်းအမှတ်နေ့များကိုသိရှိစေရန်၊ မျိုးချစ်စိတ်ဓာက်နှင့်ပြည်ထောင်စုစိတ်ဓာက်များ ထာဝစဉ်ရှင်သန်‌စေရန်၊ အာဇာနည်နေ့ပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကျဉ်းကို သိရှိစေရန် ရည်ရွယ်ပြသရခြင်းဖြစ်ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)