သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အင်ပင်လှတွင် မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

သဲကုန်း ဇူလိုင် ၁၈

ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ အင်ပင်လှတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲတွင် သဲကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်က မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်များနှင့် အကျိုးကျေးဇူးများ၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ အ.ထ.က (ခွဲ) အင်ပင်လှမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲကို “သစ်တောသစ်ပင်များအား စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းအားဖြင့် သစ်တောသစ်ပင်များ၏ အဖိုးတန်အရေးပါမှုကို ပြည်သူလူထုအတွင်း နိုးကြားထကြွသည့် အသိရှင်သန်ထက်မြက်လာစေရန်” ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)