ကြံခင်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရေဘေးရှောင်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက တလိုင်းကွင်းအုပ်စုရှိ အိမ်ထောင်စု ၁၈၇ စု အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက ထောက်ပံ့ပေးအပ်သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များသည် တလိုင်းကွင်းကျေးရွာ ဧရာဝတီမြစ်ရေဝင်ရောက်နေသည့် နေအိမ်များအား ကြည့်ရှုကာဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များမှ ရေဘေးရှောင်ပြည်သူများထောက်ပံ့ပေးအပ်သည်။ အလားတူ မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်စခန်းများရှိ အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် စားဆီ ၅၀ ကျပ်သား လှူဒါန်းပေးလျက်ရှိသည်။
ထို့နောက်ဖိုးထောင်ဆိပ်ကမ်းဂိုဒေါင်၊ တာဝတိံသာဇာတ်ရုံ၊ အား/ကာ မိုးလုံလေလုံခန်းမနှင့် သစ်ဆိမ့်ကုန်းကျေးရွာနှင့် ကျောက်တော်ကြီးဓ္ဓမ္မာရုံတို့ရှိ ရေဘေးရှောင်စခန်းများရှိ ပြည်သူများအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်နေမှုတို့အား လှည့်လည်ကြည့်ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)