လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်(ဖောင်ကြီး)တွင် သစ်တောသစ်ပင် စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

လှည်းကူး ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသောအသိစိတ်ဓာတ် ရှင်သန်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်(ဖောင်ကြီး)၌ ကျင်းပသည်။

ဦးစွာမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က ကမ္ဘာ့သစ်တောများနှင့် မြန်မာ့သစ်တောများ၏တည်ရှိမှု၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တော သစ်ပင်များမှပေးစွမ်းနိုင်သည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ၊ ရာသီဥတုပြောင်းလဲမှု   လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှုနှင့် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုခြင်း နည်းစနစ်များကို တက်ရောက်လာသူများ သိရှိနားလည်စေရန် အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်သစ်တောဦးစီးဌာနမှဝန်ထမ်းများ သစ်တောသစ်ပင်များစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးလက်ကမ်းစာစောင်(၃၀၀)ကို ကျောင်းသား/သူများအား ဖြန့်ပေးခဲ့ပြီး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းအုပ်ကြီး ဦးရဲမြင့်သန်း၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အေးအေးနွဲ့(ပြ/န်ဆက်)