၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး  ဇူလိုင်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ကယားပြည်နယ်မှ ဒေသအခက်အခဲ ကြောင့် ထွက်ခွာလာသော ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့(အဖွဲ့ဝင်) ဦးစောဒယ်နီယယ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောကြားခဲ့ကြောင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့(အဖွဲ့ဝင်) ဦးစောဒယ်နီယယ်နှင့် တာဝန်ရှိသူများက (၆)ဘာသာဂုဏ်ထူး(၁)ဦး၊ (၄)ဘာသာဂုဏ်ထူး(၃)ဦး၊ (၃)ဘာသာဂုဏ်ထူး(၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူး(၂)ဦး၊ (၁)ဘာသာဂုဏ်ထူး(၄)ဦး ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက်ကယားပြည်နယ်ပညာရေးမှူးက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု အခြေအနေကို တင်ပြပြီး (၆)ဘာသာဂုဏ်ထူးရ ကျောင်းသူ မဇွန်ဖြူဖြူသော်က ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)