ကြံခင်းမြို့ရှိ ရွှေသာလျောင်းဘုရားနှင့် လဲဝါဘုန်းတော်ကြီးကျောင်းကြားရှိ ရေကာတာ ရေစိမ့်ဝင်မှုအား သဲအိတ်များဖို့ခြင်းနှင့် ကာရံထိန်းပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကြံခင်း ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ရွှေသာလျောင်း ဘုရားနှင့်လဲဝါဘုန်းတော်ကြီးကျောင်း ကြားရှိ ရေကာတာ ရေစိမ့်ဝင်မှု့အား သဲအိတ်များ ဖို့ခြင်းနှင့် ကာရံထိန်းပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့မွန်းလွဲ​ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။

 အဆိုပါဆောင်ရွက်နေမှုကို ဟင်္သာတတပ်နယ်မှူး၊ အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတို့က ​ရေကာတာရေစိမ့်ဝင်မှုအား သဲအိတ်များဖို့ခြင်း၊ ကာရံထိန်းပိုးခြင်းလုပ်ငန်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ ကွင်းဆင်းကြည့်ရှု တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံအရာရှိတို့က ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြရာ ဗိုလ်မှူးချုပ် ဇော်မြင့်ဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)