ကော့သောင်းမြို့တွင် လူမှုမီဒီယာအကျိုးရှိစွာအသုံးပြုရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကော့သောင်း ဇူလိုင် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူမှုမီဒီယာအားအကျိုးရှိစွာအသုံးပြုနိုင်ရေး ယမန်နေ့ ညနေပိုင်းအချိန်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသူများအား ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ယနေ့ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာနေသည့် မီဒီယာကဏ္ဍနှင့် မီဒီယာအမျိုးအစားများဆိုင်ရာ သိသင့်သိထိုက်သည်များ၊ မီဒီယာအမျိုးအစားအလိုက် အကျိုးရှိအသုံးဝင်ပုံနှင့် သတိပြုအပ်သည့်အချက်များ၊ ယနေ့လူ့ပတ်ဝန်းကျင်နယ်ပယ် အသီးသီးနှင့် အထူးသဖြင့် လူငယ်ထုအတွင်းကျယ်ပြန့်စွာ အသုံးပြုလာနေကြသည့် လူမှုမီဒီယာ၏ အကျိုးရှိပုံနှင့် မှတ်သားသိရှိလိုက်နာအပ်သည့် အကျိုးကျေးဇူးများ၊ လူမှုမီဒီယာ၏ ဘေးထွက်ဆိုးကျိုးများ၊အသုံးပြုသူ၏ ရည်ရွယ်ချက်အပေါ် မူတည်ကာ မတူညီသည့် ရလဒ်များအား သတိပြုဆင်ခြင်နိုင်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရရှိသည်။

ခရိုင်(ပြန်/ဆက်)