ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ရုံးအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ

ပြည် ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် ဇူလိုင် ၁၈ ရက် ညနေပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို စနစ်တကျဆောင်ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားရှိရေး၊ ပန်းခင်းစီမံချက်အရ ရွေးကောက်ပွဲတွင် မဲမေးရန်ကိစ္စရပ်များအပါအဝင် e-lD လုပ်ငန်း၏ Data အချက်အလက်များနှင့်ပတ်သက်၍ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ ဝန်ထမ်းများ၏လုံခြုံရေးနှင့် ရုံးလုံခြုံရေးဆိုင်ရာများကို အထူးဂရုပြုဆောင်ရွက်ကြရန်  လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်က ခရိုင်အတွင်း ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန ၄ခု၏ ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အသေးစိတ်အခြေအနေအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)