ညောင်တုန်း ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာအုပ်စု၊ ပေစိကျွန်းကျေးရွာသို့ ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကျေးရွာအတွင်း မြစ်ရေဝင်ရောက်နေမှုအား လိုက်လံကြည့်ရှု့စစ်ဆေး၍ ပေစိကျွန်းကျေးရွာရှိ အိမ်ထောင်စု (၁၀၀)အတွက် ရေသန့်ဆေးပြား (၂၀၀)ကဒ် ပေးအပ်ခဲ့ပြီး မြစ်ရေဝင်ရောက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးနှင့် အဖွဲ့သည် ပေစိကျွန်းကျေးရွာရှိ သာသနာ့ ဝေပုလ္လကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းတိုက် ဆရာတော် ဥူးဝိစိတ္တအား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)