အိမ်မဲ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက်(၂)လမ်းရှိ အသောကရုံ ကျောင်းတိုက်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပိဋကတ်သုံးပုံ ကျမ်းစာအုပ် (၄၀)အား လှူဒါန်းခဲ့ရာ အဆိုပါကျမ်းစာအုပ်များအား ဓမ္မရတနာ (၂)ထပ်ဓမ္မာရုံတော်ကြီးသို့ ပင့်ဆောင် ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အသောကရုံကျောင်းတိုက်ဆရာတော်မှ ဦးဆောင်၍ သာသနာ့အလံကိုင်များ ၊ ချောင်းဝရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဝတ်ရွတ်အဖွဲ့များ ကပိဋကတ်သုံးပုံကျမ်းစာအုပ် (၄၀)အား အသောကရုံကျောင်းတိုက်ဓမ္မာရုံမှ ကျောင်းတိုက်အတွင်းရှိ ဓမ္မရတနာ (၂)ထပ်ဓမ္မာရုံတော်ကြီးသို့ ပင့်ဆောင်၍ မိုးကုတ်တရားစခန်းအဖွဲ့စိတ် (၁) အသောကဝေယျာဝစ္စအဖွဲ့မှ လှူဒါန်းသော စတီးဗီဒိုထဲသို့ ထည့်သွင်း ပူဇော်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် ( ပြန်/ဆက်)