ကျောင်းကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ကျောင်းကုန်း ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၃၈၆ ခုနှစ်ဝါဆို  လပြည့်နေ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး၊ မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သောဘိတ ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ သည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့် ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင် အဖွဲ့ဝင်(၃) ဦးမြတ်ဇော်မင်း၊ အတွင်းရေးမှူးရဲမှူး အောင်နိုင်ဦးတို့က ဝါဆိုသင်္ကန်း လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ၊အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)