တန့်ယန်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနက မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာ (၂၅) ရွာအနက် ဟိုမန်း၊ ပါဆာ၊ နမ့်ဟူးလွယ်ကာ၊ ခုံကွတ် ကျေးရွာအား ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့က ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများ ကွင်းဆင်းထောက်ပံ့ပေးအပ် ခြင်း၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ စီမံကိန်း တာဝန်ရှိသူများက ဟိုမန်း၊ ပါဆာ၊ နမ့်ဟူးလွယ်ကာ၊ ခုံကွတ် ကျေးရွာများရှိ စာသင်ကျောင်းများအား သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်နှင့် ကျန်းမာရေးအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများ Children Hygiene Kit နှင့် Lifestraw များအား ကျေးရွာရှိ စီမံကိန်း တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)